Apex အကြောင်း

Apex Hotel သည် Apex သဘာဝဓာတ်ငွေ့နှင့် ဓာတ်ဆီလုပ်ငန်းမှပိုင်ဆိုင်၍ ကျွမ်းကျင်သောအုပ်ချုပ်မှုအဖွဲ့ဖြင့် ဖွဲ့စည်းထားပါသည်။ Apex Hotel သည် ၁၁ ဧက မျှကျယ်ဝန်းသည်။ ဟိုတယ်အမှတ်မှာ ၃၄-၃၅ ဖြစ်ပြီး ရာဇသင်္ဂဟလမ်းမကြီး၊ ဒက္ခိဏသီရိမြို့နယ်၊ ဟိုတယ်ဇုံ(၁) ၊ နေပြည်တော် တွင်တည်ရှိပါသည်။ နေပြည်တော်သည် မြန်မာအစိုးရမှ လွန်ခဲ့သော ၁၀ နှစ် ကျော်ခန့်တွင် တည်ထားသော ပြည်ထောင်စု မြန်မာနိုင်ငံ၏ မြို့တော် အသစ် ဖြစ်သည်။ နေပြည်တော်ဧ။် မဏိရတနာ ကျောက်စိမ်း ခန်းမမှာ မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်မှုတွင် ကျော်ကြားလှသည့် အပြင် ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာ ပြပွဲများ ရှိခြင်းကြောင့် ဧည့်သည်များအတွက် ဆွဲဆောင်မှုရှိသောနေရာတစ်ခုဖြစ်သည်။

ထို့အပြင် ဥပ္ပါတသန္တိ စေတီတော်၊ ရေပန်းဥယျာဉ်၊ တောရိုင်း တိရစ္ဆာန်များရှိသော ဆာဖာရီ ဥယျာဉ်တို့မှာ နေပြည်တော်ဧ။် ကျော်ကြားသော နေရာများဖြစ်သည်။ ဥပ္ပါတသန္တိ စေတီတော်၌ ဆင်ဖြူတော်ထားရှိပြီး၊ ၄င်းဆင်ဖြူတော်ရှိခြင်းအတွက်  မြန်မာလူမျိုးများသည် အတိတ် နိမိတ်ကောင်းများ ရရှိနိုင်သည်ဟု ယုံကြည်ကြသည်။

Apex Hotel ဧ။်နှစ်ထပ်အဆောက်အဦးရှိအခန်းများမှာ ခေတ်မီသော ဗိသုကာ လက်ရာများဖြင့် ဆောက်လုပ်ထားပြီး Apex ကုမ္ပဏီမှ လုံးခြင်းပုံစံဧည့်သည်အခန်း ၃၀ ကိုထပ်မံတိုးချဲ့ဆောက်လုပ်ရန် စီစဉ်လျက်ရှိသည်။

နေပြည်တော်ဧ။် ရှုခင်းများနှင့် စိမ်းစိုလှပသော စပါးကွင်းများကို ကြည့်ရှုခံစားနိုင်သည့်အပြင် အခန်းများမှာ Television, နိုင်ငံတကာဖုန်းခေါ်ဆိုမှု၊ အင်တာနက် (wifi)၊ ၂၄ နာရီ ၀န်ဆောင်မှု၊ အခန်းတွင်း ရုပ်ရှင်နှင့် တေးဂီတလိုင်းများ ထည့်သွင်းပေးထားသောကြောင့် လုပ်ငန်းကိစ္စဖြင့် ခရီးသွားသော ဧည့်သည်များအပြင် အပန်းဖြေရန် လာရောက်တည်းခိုသော ဧည့်သည်များ အတွက်ပါ တည်းခိုနားနေရန် သင့်တော်လှသည်။

ကြယ်သုံးပွင့် အဆင့်ရှိဟိုတယ်ဧ။် ၀န်ဆောင်မှုများတွင် နိုင်ငံတကာ အဆင့်မီ စားသောက်ခန်းမနှင့် အဖျော်ယမကာ ကောင်တာ များပါဝင်ပြီး စုံလင်သောဟင်းလျာများနှင့် အဖျော်ယမကာများ ကိုလည်း ရရှိသုံးဆောင်နိုင်ပါသည်။

ကျွန်ုပ်တို့ဧ။်အနာဂါတ်ရည်မှန်းချက်
ဧည့်သည်များအား သင့်တင့်မျှတသောဈေးနှုန်းဖြင့် အကောင်းဆုံးသောခံစားမှုများ၊ အသုံးအဆောင်ပစ္စည်းများနှင့်အတူ အကောင်းဆုံးသော ၀န်ဆောင်မှုများ ပေး၍ နေပြည်တော်တွင်ကြယ်သုံးပွင့်အဆင့်ရှိဟိုတယ်အဖြစ် ဦးဆောင်နိုင်ရန်

လုပ်ဆောင်ချက်
ဟိုတယ်သို့လာရောက်တည်းခိုသော ဧည့်သည်တော်များနှင့် ဧည့်သည်တော်များအား အရည်အသွေးမြင့် အတွေ့အကြုံခံစားမှုများပေးနိုင်ရန်မှာ ဟိုတယ်ဧ။် ပထမတန်းဦးစားပေးတာဝန်ဖြစ်ရမည်။

ဝန်ထမ်းများအားအောင်မြင်မှုရရှိရေးဧ။် အရေးကြီးသောအရင်းအမြစ်တစ်ခုအဖြစ် အသိအမှတ်ပြုခြင်းအားဖြင့် ၀န်ထမ်းများဧ။် ကောင်းမွန်သောအမြင်၊ ကောင်းမွန်သော အလုပ်လုပ်ကိုင်မှု တို့နှင့် အလုပ်ကြိုးစားဆောင်ရွက်မှု လုပ်ငန်းအပေါ် သစ္စာရှိမှု တို့ကို ဖန်တီးပေးနိုင်ရမည်။

မိမိလုပ်ငန်းအပေါ်တာဝန်ကျေပွန်သော၊ ရိုးသားသော၊ ကောင်းမွန်သောလူ့ကျင့်ဝတ်များဖြင့် ဦးစီးဦးဆောင်ပြု၍ ရင်းနှီးမှုနှင့်ထိုက်တန်သော ခေါင်းဆောင်ကောင်းများ ရရှိပေါ်ထွန်းနိုင်ရမည်။