Attractions

နေပြည်တော်သို့ လေယာဉ်ဖြင့်လာပါက ရန်ကုန် (သို့မဟုတ်) မန္တလေးမှ ၄၅ မိနစ်ခန့်ကြာပြီး ကားဖြင့်လာပါက ၅နာရီ ခန့်ကြာသည်။

ဥပ္ပါတသန္တိစေတီတော်

ဥပ္ပါတသန္တိစေတီတော် (သို့မဟုတ်) ငြိမ်းချမ်းရေး စေတီတော်မြတ်ကြီးသည် နေပြည်တော်၏ ထင်ရှားသော ပြယုတ်ဖြစ်ပြီး စေတီတော်မြတ်ကြီးတွင် တရုတ်ပြည်မှ ယူဆောင်လာသော ဗုဒ္ဓစွယ်တော်မြတ်အား ဌာပနာ ထားသည်။ ၉၉ မီတာ (၃၂၅ ပေ) မျှ မြင့်မားပြီး အရွယ်အစား အနေဖြင့် ရန်ကုန်မြို့ ရွှေတိဂုံ စေတီတော်မြတ်ကြီးနှင့် ပုံတူနီးပါးဖြစ်သည်။

 

 

 

 

ရေပန်းဥယျာဉ်

၁၆၅ ဧက မျှကျယ်ဝန်းပြီး စတီးလ် ပေါင်းကူး များဖြင့် တည်ဆောက် ထားသော ရေပန်းဥယျာဉ် သည်  နေပြည်တော်ဧ။် မြို့တော် ခန်းမဘေးတွင် တည်ရှိသည်။ ဥယျာဉ်တွင်း၌ ရေကန်များ၊ ရေတံခွန်များ၊ အပန်းဖြေ စင်တာများ၊ ဥယျာဉ်ငယ်များ နှင့်နာရီစင်မြင့် တို့ပါဝင်ပြီး နေပြည်တော် တောင်ညိုလမ်းတွင် တည်ရှိသည်။

 

 

 

 

ဆာဖာရီတောရိုင်းဥယာဉ်

နေပြည်တော် ဆာဖာရီဥယာဉ်သည် တောရိုင်းတိရစ္ဆာန်များမွေးမြူထားပြီး အာရှတော ၃၅.၁ ဧက၊ သြစတေးလျတော ၃.၅၃ ဧကနှင့် အာဖရိကတောမှာ ၅၉.၆၄ ဧကခန့်ရှိသည်။ အာရှဆာဖာရီတွင် နွားရိုင်းများ၊ သမင်နှင့် ဒရာယ်မျိုးစုံ  သြစတေးလျ ဆာဖာရီတွင် ကျားသစ်များ၊ အာဖရိကဆာဖာရီတွင် အာဖရိက သမင်၊ ကုလားအုပ်၊ တောင်ဆိတ်၊ ကျား၊ ခြင်္သေ့၊ ကြံ့၊ ငှက်ကုလားအုပ်၊ သစ်ကုလားအုပ် နှင့် မြင်းကျား အပါအ၀င် တောရိုင်း တိရစ္ဆာန်ပေါင်း ၁၀၀ ကျော်ခန့်မွေးမြူထားပြီး အလည်အပတ်လာရောက်သူများသည် လျှပ်စစ်ကားများဖြင့် တောရိုင်းသဘာဝ နှင့် တိရစ္ဆာန်များကို ကြည့်ရှုနိုင်ပါသည်။

 

 

 

 

အမျိုးသားအထိမ်းအမှတ်ဥယျာဉ်

အမျိုးသားကျောက်စိမ်းပြတိုက်

ဆင်ဖြူတော်